Facebook ကိုတည်ထောင်သူ မာ့ခ်ဇူကာဘတ်ဂ်ဟာ ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုလ်စာရင်းရဲ့ နံပတ် ၉ နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း Bloomberg
သတင်းဌာနရဲ့ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။ Ikea ကုမ္ပဏီကို တည်ထောင်သူ
ကမ့်ပရက်ရဲ့ ချမ်းသာမှုကို ကျော်လွန်ပြီး ဇူကာဘတ်ဂ်က အဆင့် ၉ နေရာ ရောက်လာတာ
ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်သာရှိသေးတာ ဇူကာဘတ်ဂ်ဟာ လက်ရှိမှာ
ကန်ဒေါ်လာ ၄၃.၁ ဘီလီယံ ချမ်းသာကြွယ်ဝသူ ဖြစ်ပါတယ်။ လက်ရှိမှာ Facebook
ရဲ့ရှယ်ယာတန်ဖိုးတွေကလည်း စံချိန်မြင့်တက်နေပြီး
ထပ်ပြီးတက်လာဖို့တောင်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Facebook
ဟာလက်ရှိမှာ ကန်ဒေါ်လာ ၂၇၅ ဘီလီယံလောက် တန်ကြေးရှိတဲ့ လူမှုကွန်ယက်ဖြစ်ပါတယ်။
ဇူကာဘတ်ဟာ အချမ်းသာဆုံး နံပတ် ၈ နေရာမှာ ရှိတဲ့ Oracle တည်ထောင်သူ
အယ်လီဆင်နဲ့ ချမ်းသာကြွယ်ဝမှု သန်း ၃၀၀ သာကွာဟပါတယ်။ နံပတ် ၇ နေရာမှာတော့
Amazon တည်ထောင်သူ ဂျက်ဖ်က ၄၃.၅ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။
ဒါပေမယ့်လည်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ရဲ့
ကြွယ်ဝမှုကိုတော့ သူတို့လိုက်မီဖို့ လိုနေပါသေးတယ်။ ဘီလ်ဂိတ်ဟာ အချမ်းသာဆုံး
နံပတ် ၁ နေရာမှာရှိပြီး ကန်ဒေါ်လာ ၈၅.၂ ဘီလီယံချမ်းသာကြွယ်ဝပါတယ်။
Ref - telegraph
ဘေးမှာရှိနေတဲ့ကြောငြာလေးကလစ်ပေးခဲ့ပါနော်ချစ်ဘော်ဘော်တွေ ကျေးဇူးတင်ပါတယ်
================================
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
No comments:
Post a Comment