ပုထုဇဉ်လူသားတိုင်း စိတ်ချမ်းသာပျော်ရွှင်မှုကို မတောင့်တတဲ့သူရယ်လို့
မရှိလောက်ပါဘူး။ စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲဆိုတာ
ဘာသာတရားလမ်းညွှန်ချက်တွေထဲမှာလည်း ရှိသလို
ပေါင်းသင်းဆက်ဆံရေးဗျူဟာတွေထဲမှာလည်း တွေ့နိုင်ပါတယ်။
လူတွေလွယ်လွယ်နဲ့ပျော်ရွှင်စိတ်ချမ်းမြေ့အောင်ဘယ်လိုနေမလဲဆိုတာကို
သိပ္ပံနည်းက စစ်တမ်းပြုစုခဲ့ပြီးတဲ့
နောက်အဖြေကလွယ်လွယ်လေးဖြစ်နေတာတွေ့ရပါတယ်။ British Columbia တက္ကသိုလ်က
စိတ်ပညာပါမောက္ခ လင်း ဦးဆောင်ပြီးလုပ်တဲ့ သုတေသနက စိတ်ချမ်းသာမှုကို
လွယ်လွယ်ဘယ်လိုတွေ့နိုင်မလဲဆိုတာ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
အများအားဖြင့်တော့ သူတပါးကို ချစ်ခင်ကြင်နာသနားစိတ်မျိုး
ကိန်းအောင်းနေတဲ့သူမျိုးဟာ စိတ်ချမ်းသာမှုကို လွယ်လွယ်နဲ့ တွေ့နိုင်သူတွေ
ဖြစ်ပါတယ်။ သုတေသနက ထွက်လာတဲ့ရလဒ်အရတော့ သူတပါးရဲ့ကိစ္စတွေကို
ပါဝင်ကူညီပေးလိုက်ခြင်း အားဖြင့် ကိုယ့်ကိုတိုင် ဝမ်းသာကြည်နူးမှုမျိုး
ဖြစ်လာစေတက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ပျော်ရွှင်စွာ
နေထိုင်နိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းဟာ တက်နိုင်သမျှ သူတပါးရဲ့အရေးကို
ကူညီပေးဖို့ပဲ ဖြစ်တယ်လို့ ပါမောက္ခလင်းက ကောက်ချက်ချထားပါတယ်။
သူတပါးပျော်တာကို
မြင်ရတဲ့အခါ ပျော်ရွှင်မှုဟာ ကိုယ့်ဆီလည်း ချက်ခြင်းကူးစက်လာတယ်လို့
ဆိုပါတယ်။ ဒီသုတေသနဟာ လူမှုဝန်းကျင်မှာ စိတ်ဖိစီးမှုများတဲ့ လူပေါင်း
တစ်ရာကျော်နဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
Ref - abcnews
ဘေးမှာရှိနေတဲ့ကြောငြာလေးကလစ်ပေးခဲ့ပါနော်ချစ်ဘော်ဘော်တွေ ကျေးဇူးတင်ပါတယ်
================================
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
No comments:
Post a Comment