Breaking

Sunday 26 July 2015

နည်းပညာတိုးတက်မှုကြောင့် ဝန်ထမ်းများ အလုပ်ချိန်တိုးလာ



လုပ်ငန်းခွင်တွေအတွက် အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ အင်တာနက်ဟာ မရှိမဖြစ်အရာ ဖြစ်လာတဲ့ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းတွေကလည်း အရင်ကထက် အလုပ်ချိန်တွေပိုလာခဲ့တယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။ ဖုန်း၊ ကွန်ပျူတာစတဲ့ နည်းပညာမြင့်ပစ္စည်းတွေကြောင့် ဝန်ထမ်းတွေဟာတစ်နေ့တာ အလုပ်ချိန် ပိုလာခဲ့တာဖြစ်ကြောင်း စစ်တမ်းက သက်သေပြနေပါတယ်။


ပျှမ်းမျှအားဖြင့် ဝန်ထမ်းတစ်ဦးဟာ မနက် ၀၇း၄၅ နာရီလောက်မှာ ကိုယ်ပိုင်အီလက်ထရွန်နစ် device တစ်ခုခုနဲ့ အင်တာနက်အသုံးပြုတက်ပြီး အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်စစ်ခြင်းမျိုးတွေ ပြုလုပ်တက်ကြတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်တမ်းအရ အလုပ်ချိန်ပြီးသွားခဲ့ရင်လည်း ပျှမ်းမျှအားဖြင့် ည ၇း၄၆ နာရီလောက်မှသာ အလုပ်နဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ရပ်နားတက်ကြတယ်လို့ ဆိုပါတယ်။ အလုပ်သမား ၄၆ ရာခိုင်နှုန်းလောက်က ကိုယ်ပိုင် အီလက်ထရွန်နစ် devices တွေကို အလုပ်အတွက်အသုံးပြုသူတွေ ဖြစ်ကြပါတယ်။ ၁၂ ရာခိုင်နှုန်းလောက်ကတော့ အလုပ်အတွက်နဲ့ အိပ်ရေးပျက်တာမျိုးတွေ အိပ်ချိန်မမှန်တာတွေ ဖြစ်ကြတယ်လို့ ဖြေဆိုထားကြပါတယ်။ ပျှမ်းမျှအားဖြင့် ဝန်ထမ်းငါးဦးမှာ တစ်ဦးလောက်က အားကစားခန်းမထဲရောက်နေရင်တောင် အလုပ်ကိစ္စဖုန်းပြောရတာမျိုး၊ အလုပ်ကဖုန်းခေါ်တာမျိုး ကြုံနေကြရပါတယ်။


တိုးတက်လာတဲ့ နည်းပညာနဲ့ စမတ်ဖုန်းအသုံးအဆောင်တွေဟာ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို ပိုမိုများပြားလာစေတယ်ဆိုတာ အသေအချာပါပဲ။ တစ်ချို့ဆိုရင် စနေ၊ တနင်္ဂနွေအားလပ်ရက်မှာတောင် အလုပ်အတွက် အင်တာနက်ကတဆင့် လေးနာရီလောက်ဆီ အချိန်ပေးကြရတာကို တွေ့ရပါတယ်။

Ref - dailymail


ဘေးမှာရှိနေတဲ့ကြောငြာလေးကလစ်ပေးခဲ့ပါနော်ချစ်ဘော်ဘော်တွေ ကျေးဇူးတင်ပါတယ် ================================
 ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

No comments:

Post a Comment

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...