Breaking

Wednesday 12 November 2014

window ဖိုင်ဖြည်နည်း(Burn)နည်း

မင်္ဂလာပါ ကျွန်တော်ညီငယ်လေးတွေ မသိသေးတဲ့ဘော်ဒါတွေအတွက်သိထားသလောက် ကလေးအကွပ်လေးနည်းပညာတစ်ပိုင်းတစ်စဖြစ်တဲ့ window ဖိုင်ဖြည်နည်း(Burn)နည်း လေးတင်ပေးလိုက်ပါတယ် ၊ လိုအပ်မယ်လို့လဲထင်ပါတယ် ကျွန်တော်ရေးတဲ့နည်းလေးမကြည့်ခင်မှာ မိမိကွန်ပျူတာထဲမှာဆောင်ထားတဲ့ burn ဆော့ဝဲတွေကတူချင်မှတူမှာပါ မတူလဲသိပ်မကွာလှပါဘူး ကျွန်တော်သုံးတဲ့ဆော့ဝဲတွေသုံးချင်ရင်လဲ အောက်မှာလင့်ပေးထားပါတယ် အားလုံးအဆင်ပြေစေရန် videro ဖိုင်တင်မက စာတွေပုံတွေနဲ့ပါရှင်းပြလိုက်ပါတယ်။စိတ်ဝင်စားရင်ဖြင့်အောက်မှာလိုက်ကြည့်လိုက်ပါ...

(၁)အောက်မှာပြထားတဲ့ ပထမပုံကတောမိတ်ဆွေတို့ဒေါင်းထားတဲ့ဖိုင်တွေပေါ့ ကျွန်တော်ကတော့မရှုပ်စေချင်လိုတစ်နေရာထဲမှာ ထားတာပါ မိတ်ဆွေတို့လဲ ဖိုင်တွေဖြည်တော့မယ်ဆိုတစ်နေရာထဲမှာ ဖိုင်အသစ်တည်ဆောက်ပြီးထားစေချင်ပါတယ်ဘာကြောင်လဲဆိုဖိုင်တွေမရှုပ်စေချင်လို့ပါ နားလည်တဲ့သူငယ်ချင်းတွေ အတွက်ပြတ်သနာမရှိပေမယ့် နားမလည်တဲ့သူငယ်ချင်းတွေ ပြတ်သနာတက်နိုင်လို့ပါ တစ်နေရာထဲမှာဖိုင်တွေစုပြီးသွားရင်တော့ ဖိုင်တွေကို အကုန်စလက်ပေးပြီး ပြထားသလို ဖြည်လဲရပါတယ် အပေါ်ဆုံးကတစ်ဖိုင်ထဲကိုပဲစလက်ပေးပြီးဖြည်လဲရပါတယ်နော် ပြီးရင်တော့ ဒုတိယ ပုံတိုင်းမြင်ရမှာပါ ဖြည်နေတာကိုပေါ့ ခနစောင့်ပေးလိုက်ပါ ပြီးရင် ISO ဖိုင်လေးကျလာမှာပါ..



(၂)အောက်က(၁)ပုံလေးတိုင်းကျလာမှာပါ ဒီနေရာမှာဖိုင်ကွာခြားနေတက်ပါတယ် ဘာလဲဆိုတော့ တစ်ချို့တွေကဖိုင်တစ်ခုတည်ဆောက်ပြီး ISO ဖိုင်ထည့်ပြီးမှ WINRAR ဖိုင်ခွဲပါတယ် တစ်ချို့ကြတော့ iso ဖိုင်အတိုင်း ဖိုင်ခွဲလို့ပါ မရှင်းမှာဆိုးလိုရှင်းပြတာပါ ၊ ပြီးရင်တော့ မိမိတို့ burn ဆော့ဝဲဖွင့်လိုက်ပါ (၂)



ပုံတိုင်းပါ ပြီးရင် open သွားပြီး burn မယ့်အခွေသွားရှာပါ တွေ့ရင်တော့ နိုပ်ပြီး ဖွင့်လိုက်ပါ



(၃)အောက်က(၁)ပုံမှာပြထားတာကတော့ ကျွန်တောခုနကဖြည်ထားတဲ့ ISO ဖိုင်ကိုသွားပြီး ဖွင့်လိုက်တာပါ  ပြီးရင် (၂) ပုံလေးတိုင်းမြင်ရမှာပါ သတိထားရမှာကတော့တစ်ချို့ iso burn ဆော့ဝဲတွေက အခွေအရင်ထည့်ရပါတယ် တစ်ချို့ဆော့ဝဲတွေကတော့ နောက်မှ (၂)ပုံမှပြထားတဲ့ burn နိုပ်လိုက်တာနဲ့အော်တိုအခွေထည့်ဖို့ ထွက်လာပါတယ် ပြီးရင်တော့အခွေထည့်ပြီး BURN နိုင်ပါပြီ..




(၄)အောက်မှာပြထားတာကတော့ USB နဲ့ burn တာပါ အရင်မိမိတို့ burn မယ့် USB ကြည့်ပါ buen မယ့် iso ဖိုင်နဲ့ ဆန့်မဆန့်ပေါ့ နောက်တစ်ခုကတော့ USB ကို format ချပေးရမှာဖြစ်ပါတယ်နော် format မချလို့မရပါဘူး ဒါကြောင့် format ချပေးလိုက်ပါ (၂) ပုံမှာပြထားသလိုလေးပါ ကိုယ် format မယ့် USB လေးမောက်ထောက်ပြီး မောက်ညာကလစ်နိုပ်ပြီး format လေးနိုပ်ပေလိုက်ပါ ၊တက်လာတဲ့ဘောက်တွေမှာ ok လေးတွေဖြေပေးလိုက်ပါ....




(၅)ကဲအောက်ကပုံလေးဆက်ကြည်ရအောင် (၁)မျှားပြထားတာတော့ USB နဲ့ burn မယ့်ဆော့ဝဲပါ ဖွင့်လိုက်တာနဲ့ ဘောက်လေးတက်လာပါပြီ တက်လာတဲ့ဘောက်လေးမှာ (၂)မျှားပြထားတဲ့နေရာလေးမှာ မိမိတို့ burn မယ့် iso ဖိုင်ထည့်ရမှာပါနော် နောက်ပြီး(၂) ပုံလေးတစ်ချတ်ကြည့်ပေးပါ မျှားပြထားတဲ့နေရာလေးမှာမိမိတိုထည့်မယ့် USB ရွေးပေးရမှာပါ ခုနformat ချထားတဲ့ကောင်လေးပေါ့ အားလုံးပြီးရင်တော့ burn ဆိုတာနိုပ်ပေးလိုက်ပါ သူလည်နေပြီး တစ်ဖြည်းဖြည်းburn နေမှာပါ ၊ ဒီနေရာလေးမှာပြောချင်တာတစ်ခုကတော့ ကိုယ် burn မယ့် iso ဖိုင်ကို မြန်မာစာနဲ့ရေးထားတဲ့ဖိုင်ထဲထည့်ပြီး သွားဖွင့်ပြီး burn လို့မရပါဘူး အင်္ဂလိပ်စာနဲ့မှရမှာပါ..နားမလည်သေးရင်တော့ videro ဆက်ကြည့်ပြီး အဆင်ပြေပါစေ....





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...