မင်္ဂလာပါ ဒီနေ့ တင် ပေးလိုက်တဲ့ နည်းပညာလေးကတော့ Built In
မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း
လေးကို မျှဝေပေးလိုက်ပါတယ်။ Locale & Language Pro Donate.apk File လေးကို
အသုံးပြုရမှာပါ။ ပြီးတော့ Android Version 4.2+ အထက် Device ဖြစ်ပြီ Root
လုပ်ထားဖို့လည်း လိုပါတယ်။ အောက်မှာရယူနိုင်ပါတယ်။လုပ်နည်းကိုလည်း ပုံနဲ့တကွ
ရှင်းပြထားပါတယ်။
အဆင့် ၁။ အပေါ်ကပေးထားတဲ့ Locale & Language Pro.apk File Download ဆွဲပြီ
ဖုန်းထဲကို Install လုပ်ပြီ ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။
ပထမ ပုံအတိုင်း + ပုံလေးကို နှိပ်ပါ၊ ဒုတိယ ပုံအတိုင်း ထွက်လာပါက Language
နှင့် Country နေရာမှာ Select ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။ တိုက်ရိုက်
ရေးထည့်ချင်ရင်တော့ Language – my | Country – MM လို့
ရေးထည့်ပေးလိုက်ရုံပါပဲ။ Select ကိုနှိပ်ပြီးရွေးရင်တော့ အောက်ပုံကို
ကြည့်ပါ။
အပေါ်က ပုံအတိုင်းမြင်တော့ ရပြီဆိုရင်
OK ခလုတ် ကို နှိပ်ပြီ Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကို Reboot
လုပ်ပေးပါ…. ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…ပြီးပါပြီ.......
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။