Breaking

Monday 3 November 2014

iPhone / iPad အသုံးပြုနည်းများ

 iPhone နဲ့ iPad တွေမှာ အသုံးဝင်ပုံခြင်း တူညီပါတယ်..။ ဒီပိုစ့်မှာ iDevices တွေကို စတင် အသုံးပြုခါစ သူများအတွက် အဆင်ပြေစေမယ့်၊ အလွယ်တကူ အသုံးပြုတတ်အောင်၊ Setting ထဲမှာ ဝင်ရောက် ပြောင်းလဲတတ်အောင် အသုံးဝင်တာလေးတွေ အနည်းကို ဖေါ်ပြပေးလိုက်ပါတယ်..။ Setting ထဲမှာ ဝင်ရောက် ပြောင်းလဲတာတွေကတော့ မှားလဲ ဘာမှ မဖြစ်နိုင်ပါဘူး..။ မိမိတို့ လိုချင်တဲ့ ပုံစံလေးတွေ ရအောင် ဒီလို ဝင်ပြီး ဒီလို ပြောင်းလိုက်ရင် ရတယ်ဆိုတာ သိထားရင် iDevices တွေကို အသုံးပြုရ အဆင်ပြေ လွယ်ကူစေမှာပဲ ဖြစ်ပါတယ်..။ iDevices တွေ ဈေးကြီးလွန်းတာကြောင့် လူများစုက ရှိန်နေကြတာ ဖြစ်ပြီး တကယ်တမ်း လေ့လာရင် ခဏလေးနဲ့ လုပ်တတ်ပါလိမ့်မယ်..။
iDevices များကို စတင်သုံးခါစသူများနဲ့ iDevices အသုံးပြုသူများ အကြိုက်တွေ့တဲ့ AssistiveTouch လို့ ခေါ်တဲ့ တူးလေးကတော့ ခဏခဏ ပျောက်သွားတတ်ပါတယ်..။ အောက်ကပုံမှာ ပြထားတဲ့ အဝိုင်းလုံးလေးပါ..။ iDevices တွေရဲ့ ဖန်သားပြင်ပေါ်မှာ မိမိတို့ လိုတဲ့ နေရာကို ဆွဲယူပို့ထားလို့ရပြီး ၎င်းပေါ်မှာ တောက်လိုက်ရင်တော့  Home, Device, Voice Control and more.. စတဲ့ Functions တွေပါပြီး.. ဒီ  AssistiveTouch တူးလေးကို ပျောက်သွားတဲ့ အခါ Setting ထဲကနေ အောက်ဆုံးပုံလေးတွေ အတိုင်း ဝင်ရောက်ပြီး ON ပေးလိုက်ရင် ပြန်ပေါ်လာပါလိမ့်မယ်..။ iDevices တွေမှာ Back မျှားမပါတဲ့အတွက် နောက်ပြန်ဆုတ်လိုတဲ့အခါနဲ့ Home သို့မဟုတ် တခြား အခန်းတွေကို ကျော်သွားလိုတဲ့အခါမှာတော့ ဒီ AssistiveTouch တူးလေးက အတော်လေး အသုံးဝင် အဆင်ပြေစေပါတယ်..။







AssistiveTouch တူးလေးကို ဖွင့်ထားဖို့အတွက် အပေါ်ပုံ Setting ကနေ ဝင်သွားပြီး အောက်ပုံလေးတွေအတိုင်း ON ပေးလိုက်ရင် ပြန်ပေါ်လာပါပြီ..။






အောက်ကပုံလေးအတိုင်း ON ပေးလိုက်ပါ..။ 




AssistiveTouch တူးလေး ပေါ်လာရင်တော့ အပေါ်နဲ့ အောက်ကပုံလေးတွေအတိုင်း Screen ပေါ်မှာ ပြောင်းထားလိုတဲ့ နေရာကို ဆွဲယူပို့ထားလို့ ရပြီ..။ 






တချက်တောက်လိုက်ရင်တော့ အောက်ကပုံလေးအတိုင်း ပေါ်လာမှာ ဖြစ်ပြီး Home ကို နှိပ်ပြီး Home Screen ကို ပြန်သွားလိုက်လို့ ရသလို Device ကနေ ဝင်သွားပြီး မိမိတို့ ရောက်ရှိနေတဲ့ ၊ ပေါ်နေတဲ့ Screen ကို ဓါတ်ပုံရိုက်ယူလို့ ရတဲ့ တူးလေးရှိရာကိုလည်း ဆက်သွားလို့ ရပါတယ်..။ အောက်ကပုံလေးတွေကတော့ iPhone / iPad တွေမှာ Screen Shot လို့ခေါ်တဲ့ Screen ကို ဓါတ်ပုံရိုက်ယူတတ်အောင် ပြပေးလိုက်တာပါ..။




အပေါ်ပုံအတိုင်း Screenshot စာသားလေးကို နှိပ်ပြီး ဓါတ်ပုံရိုက်ယူလို့ ရပါပြီ..။ ပုံတွေကိုတော့ အလိုလို Photo နေရာမှာ Save ပေးပါလိမ့်မယ်..။ နောက် ရှော့ကပ်အနေနဲ့ Screenshot ရိုက်တဲ့ ကီးကတော့ Power+Home ကို တွဲနှိပ်ပြီး တစ်စက္ကန့်ပဲ ဖိလိုက်ပါ..။ Screen မှာ ဓါတ်ပုံရိုက်ပြီးသား ပုံလေးတွေကို ရရှိမှာပဲ ဖြစ်ပါတယ်..။
နောက်တခုကတော့ ပါတ်စ်ဝါ့ဒ်လို့ ခေါ်တဲ့ Passcode လေးလုံး ထည့်တတ်အောင်နဲ့ ထည့်ထားပြီးသားကို ပြန်လည် Remove လုပ်တတ်အောင် အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်..။



အောက်ကပုံလေးအတိုင်း Setting ကနေ အဆင့်ဆင့် ဝင်သွားလိုက်ပါ..။ 






အပေါ်ပုံအဆင့်ရောက်ရင်တော့ Turn Passcode On ကို နှိပ်လိုက်ရင် အောက်ကပုံလေးအတိုင်း နံပါတ် ၄-လုံးကို ၂ခါ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။ နောက်တမျိုးကတော့ နံပါတ်တွေအစား သင်္ကေတ တွေကိုလည်း ပေးလို့ ရပါသေးတယ်..။



Passcode တွေ ပြန်ပိတ်လိုရင်တော့ အပေါ်အတိုင်း အဆင့်ဆင့်ပြန်ဝင်လာပြီး အောက်ကပုံမှာ မြင်နေရတဲ့ Turn Passcode Off ကိုနှိပ်ပြီး ပိတ်လိုက်ရင် လက်ရှိထည့်ထားတဲ့ Passcode ကို ပြန်ရိုက်ထည့်ခိုင်းပါတယ်..။ Passcode မှန်ရင်တော့ ပိတ်လိုက်လို့ ရသွားပါပြီ..။



ပြီးရင်တော့ Passcode Lock (ON) ဖြစ်နေတာကို OFF ပြောင်းပေးထားလိုက်ပါ..။ 




အောက်ကပုံ လုပ်နည်းကတော့ မိမိတို့ iDevices တွေရဲ့ ဖန်သားပြင် အလင်းအမှောင်ကို ချိန်ယူဖို့အတွက်ပါ..။ အပေါ်ကနည်းအတိုင်း Setting >> Brightness & Wallpaper မှာ ဝင်ရောက် ချိန်ညှိပါ..။ Auto-Brightness ကို OFF ပြောင်းပေးထားပြီး အလင်း အမှောင်ကို အတင် အချ ပြုလုပ်လို့ ရပါပြီ..။


နောက်တခုကတော့ Wallpaper လို့ ခေါ်တဲ့ Screen ပေါ်မှာ ရေစိုနေတဲ့ ဒီဇိုင်းလိုမျိုး တခြား ဒီဇိုင်းမျိုးစုံကို ပြောင်းထားလိုရင်တော့ အောက်ကပုံလေးတွေအတိုင်း Wallpaper နေရာကနေ ဝင်ပြီး ပြောင်းထားနိုင်ပါတယ်..။




Set ကိုနှိပ်ပြီး ပြောင်းလိုက်လို့ ရပါပြီ..။ အောက်ကပုံကတော့ Lock ချထားတဲ့ နေရာမှာ ပြောင်းထားလိုတာလား ၊ Home မှာ ပြောင်းထားလိုတာလား စသဖြင့် ရွေးယူလို့ ရတဲ့ နေရာလေးပါ..။ မိမိတို့ စိတ်ကြိုက်ပြောင်းလဲ ထားနိုင်ပါတယ်..။



ကျနော်ရွေးလိုက်တာကတော့ အပေါ်ပုံအတိုင်း ပြောင်းလဲထားတာ ဖြစ်ပြီး နောက်တခုကို အောက်ကပုံလေးတွေ အတိုင်း ဆက်ရွေးပြီး ပြောင်းထားလိုက်ပါတယ်..။




အောက်ဆုံး တနည်းကတော့ မိမိတို့ ကွန်ပျူတာထဲမှာ ထည့်ထားတဲ့ iTunes နဲ့ iPhone / iPad တွေကို ချိတ်ဆက်ပြီး Back up လုပ်တတ်အောင်နဲ့ Restore လုပ်တတ်အောင် ပြပေးလိုက်တဲ့ ပုံလေးတွေပါ..။ iDevices တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တာနဲ့ အောက်ကပုံလိုမျိုး iOS နောက်ဆုံး ဗါးရှင်းကို Update လုပ်ဖို့ ပုံလေးပေါ်လာရင် မြန်မာစာ ပျက်မှာ စိုးတဲ့အတွက် Later နဲ့ သွားပါတယ်..။


တကယ်လို့ Menu Bar မပေါ်သေးရင်တော့ အောက်ပုံလေးအတိုင်း iTunes မှာ Menu Bar ကို ထုတ်ဖေါ်ထားလိုက်ပါ..။


ပြီးရင်တော့ Devices နေရာကနေ ဝင်သွားပြီး မိမိတို့ရဲ့ iDevices တွေကို Backup လုပ်ထားလိုက်ပါ..။ ဒီလိုဆိုရင်တော့ မိမိတို့ ကလိလိုက်လို့ တခုခု ပျက်သွားရင် iTunes ကနေ ပျက်သွားတာတွေကို Restore ပြန်လုပ်လိုက်ယုံနဲ့ အလွယ်တကူ ပြန်ကောင်းစေမှာပဲ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း Backup လုပ်ထားပြီးရင်တော့ မိမိတို့ ပြန်လည် Restore လုပ်လိုတဲ့အခါမှာ အောက်ကပုံလေးအတိုင်း iDevices ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး iTunes ကနေ ပြန်လည်၍ အလွယ်တကူ Restore ပြုလုပ်နိုင်ပါပြီ..။


ဒီအဆင့်မှာတော့ iDevices တွေကို အခါခါ Backup ပြုလုပ်ထားနိုင်ပါတယ်..။ Restore ပြန်လုပ်တဲ့ အခါမှာတော့ မိမိတို့ Restore ပြန်လုပ်လိုတဲ့ Backup ဖိုင်ကို ရွေးပြီး ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။


အောက်ကပုံကတော့ Backup ဖိုင် ၂-ခု လုပ်ထားတာ ဖြစ်လို့ နေ့ရက်နဲ့ ရွေးယူ ထည့်ပေးရတာ ဖြစ်ပါတယ်..။




Password ပြန်ထည့်ရတာကတော့ Backup ဖိုင်ကို သိမ်းခဲ့တုန်းက ကျနော် password ပေးထားခဲ့တာ ဖြစ်လို့ပါ..။ password မရှိတဲ့ ဖိုင်တွေဆိုရင်တော့ ဒီတိုင်း တန်းထည့်လိုက်လို့ ရပါတယ်..။

အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် အလုပ်လုပ်နေတာကို ခဏစောင့်နေ ပေးလိုက်ရင် အဆင်ပြေပါတယ်..။



အောက်ဆုံးပုံလေးအတိုင်း ပေါ်လာရင်တော့ Backup ဖိုင်ကို Restore ပြန်ထည့်တာ အဆင်ပြေသွားပြီ ဖြစ်လို့ OK ပေးလိုက်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ iDevices တွေကို အနည်းငယ် အသုံးပြုတတ်လောက်ပြီ ထင်ပါတယ်..။ အားလုံးပဲ အဆင်ပြေကြပါစေ..။ 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...