Breaking

Tuesday 2 September 2014

Html ၀င်နည်းလေးပါ ( ဘလော့ကာအသစ်များအတွက်ပါ)


သည်ပို့စ်လေးကတော့ ကျွန်တော် GTALK မှာ ညီလေး တယောက် အကူညီတောင်းဆိုထားလို့...
ခုလို တင်ပေးလိုက်ရတာပါ.. အသစ်စလုပ်ဘူးတာဆိုတော့ Html အကြောင်းနားလည်ဖို့ ခက်ပါတယ်.. အရေးကြီးတာက ဘလော့တစ်ခုမှာ html ကိုကလိတတ်မှ ပိုအဆင်ပြေမှာလေ...
ဒါမှ မိမိတို့ဘလော့လေး စိတ်တိုင်းကျ လန်းသွားမှာပေါ့နော်..ကဲ ပြောနေကြာတယ်..
ခုတင်မဲ့ နည်းလေးကတော့ နည်းပညာတွေ တော်တော်များများဟာ Blogs Html ကိုဝင်ထည့်ရတာတွေ များပါတယ်.. ဒါကြောင့်  Html ကိုမ၀င်တတ်သေးသော အသစ် ညီငယ်များ
အကို အမ ညီမ များအတွက် စေတနာ ရှေ့ထားလို့ ခုလို တင်လိုက်ရတာပါ..သိပြီးသားသူတွေ
အတွက်တော့ ကျော်ခွ သွားလိုက်နိုင်ပါတယ်...

ပထမဆုံး ဘလော့ကာ sing in ၀င်လိုက်တာနဲ့ ခုလိုပုံ တွေ့ရမယ်နော်..




 နောက်ထပ် အဲနေရာမှာဘဲ....ဆက်သွားကြမယ်နော်..





 အပေါ်ပုံအတိုင်း မိမိဘလော့ View Blog ဆိုတာလေးရှေ့က အချွန်လေးပေါ့နော... ကလစ်လိုက်ပါ
စာတန်းတစ်ခုကျလာမယ်.. အဲထဲက Template ဆိုတာကို ကလစ်လိုက်ပါ။


အပေါ်ပုံအတိုင်း Edit Html ဆိုတာကို ကလစ်ပေးလိုက်ပါ.....

 

အပေါ်ပုံလေး ကျလာတာနဲ့  Process ကိုဆက်ကလစ်ပေးလိုက်ပါနော်..ဒါဆို မိမိတို့ လိုအပ်တဲ့
Html ဆိုတဲ့နေရာ ရောက်ပြီပေါ့ အောက်မှာ ဆက်ကြည့်ပါ...




ကဲ ရောက်ပြီနော်.. Html ထဲကို..ဒါဆို ပထမဆုံး အပေါ်ဆုံးကနေ..Expand Widget Templates 
ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါနော်...
 နောက် ကုဒ်ကိုပလွယ်တကူရှာဖွေနိုင်ရန်.. F3  (သို့) Ctrl+F ကိုကလစ်လိုက်ပါ... Search ဘောက်လေးတစ်ခု ကျလာမယ်... အဲထဲမှာ ရှာခိုင်းတဲ့ ကုဒ်ကို ထည့်ပေးပြီး
Enter ကိုခေါက်ပေးလိုက်ပါ..ဒါဆို ရှာတဲ့ကုဒ်က သူ့အလိုလို အစိမ်းရောင်နဲ့ပြလာပါမယ်...
ကဲ ဒါဆို  ထည့်ပေးရမယ့် ကုဒ်တွေကို သူ့အပေါ်လား  အောက်လားဆိုတာ ကြည့်ပြီး ထည့်လိုက်ပါ
အိုကေတယ်နော်.....
ကုဒ်တွေ ထည့်ပြီးတာနဲ့ မသေခြာပါက  စိတ်မချပါက  တက်ပလက်ကို မဆေ့သေးဘဲနဲ့
Preview ကိုကြည့်ပေါ့..သေခြာ ပြီဆိုတော့မှ... Save Template ကိုကလစ်ပါ။
အဆင်ပြေကြပါစေ.... မောလိုက်တာ....

နောက်ထပ် ဘလော့ကာအသစ်များအတွက် Blogger>> Layout>> Add a gadget>> Java Script ကိုဝင်ဖို့   သည်နေရာမှာ   လေ့လာလိုက်ကြပါနော်...

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

 အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
မှတ်စုစာအုပ် http://aungsan96.blogspot.com/
ဓမ္မဗိမာန် http://dhamabimarn.blogspot.com/

No comments:

Post a Comment

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...