Breaking

Tuesday 9 September 2014

Android ဖုန်း Tablet ထဲသို့ application,game များ install လုပ်နည်း


အခုပြောပြမယ့် နည်းက ကိုယ်သွင်းချင်တဲ့ application ဖိုင်ကို SD card ထဲကိုသွားထည့်ရတာမျိုးလုပ်ဖို့မလိုပါဘူး။
ကွန်ပျူတာထဲကနေ တိုက်ရိုက် install လုပ်တဲ့နည်းပါ။ လိုအပ်တဲ့ ဆော့(ဖ်)၀ဲအနေနဲ့ ကွန်ပျူတာထဲမှာထည့်သွင်းဖို့
91 PC Suite လို့ခေါ်တဲ့ ဆော့(ဖ်)၀ဲ ပဲလိုအပ်ပါတယ်။ 91 PC Suite ကိုအောက်မှာ download ရယူနိုင်ပါတယ်။
91 PC Suite အားရယူရန်
91 PC Suite ကို download လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။ install လုပ်ပြီးရင်
91 PC Suite ကို run လိုက်ပါ (ပုံမှန်အားဖြင့် install လုပ်ပြီးတာနဲ့ run စရာမလိုပဲ auto တက်လာပါတယ်)။
91 PC Suite တက်လာပြီဆိုရင် တရုတ်စာတွေနဲ့ဖြစ်နေတာကိုတွေ့၇မှာပါ။ အဲဒီအတွက် English လိုပေါ်ဖို့
language အရင်ပြောင်းရပါမယ်။ အောက်ကပုံထဲကအတိုင်းပြောင်းလိုက်ပါ။

အပေါ်ကပုံအတိုင်း English လိုပေါ်ပြီဆိုရင်တော့ မိမိရဲ့ Android OS ဖုန်းရဲ့ USB Debugging ကို Enabled လုပ်ထားပါ။ USB Debugging ကို Enabled လုပ်တဲ့နည်းက Setting=>Applications=>Development ထဲကိုဝင်ပြီး USB debugging ကို အမှန်ခြစ်ပေးထားပါ။ အဲဒါဆိုရပါပြီ။ ပြီးရင်ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။
အဲဒီမှာ USB နဲ့ချိတ်ပြီးပြီဆိုတာနဲ့ 91 PC Suite က မိမိရဲ့ ဖုန်းကို Driver Install လုပ်ဖို့ပြောပါလိမ့်မယ်။အဲဒါဆိုရင် install
လုပ်လိုက်ပါ။ အောက်ကပုံအတိုင်းပါ။
Driver install လုပ်တာအောင်မြင်ကြောင်း Message ပေးလာတဲ့ အခါ Next လုပ်ပေးလိုက်ပါ။ အောက်ကပုံအတိုင်းပါ။
ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် ကွန်ပျူတာကနေ ဖုန်းထဲကို application သွင်းကြည့်ကြရအောင်။
ကွန်ပျူတာထဲမှာရှိတဲ့ မိမိသွင်းချင်တဲ့ Android application ကို double click နှိပ်လိုက်ပါ။ အောက်ပုံအတိုင်း တရုတ်စာတွေနဲ့
install လုပ်မှာလားဆိုပြီး မေးပါလိမ့်မယ်။ ပုံထဲကပြထားတဲ့ ခလုတ်ကိုသာနှိပ်ပြီး install လုပ်လိုက်ပါ။
install လုပ်ပြီးသွားပြီဆိုရင်တော့ မိမိရဲ့ ဖုန်းထဲကို ပြန်ကြည့်လိုက်ပါ။ အခုသွင်းလိုက်တဲ့ application လေး ဖုန်းထဲမှာ install လုပ်ပြီးဖြစ်နေတာကို
တွေ့ရပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)
thet.naing.it@gmail.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

No comments:

Post a Comment

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...