Breaking

Saturday 17 January 2015

Photo shop cs5 နဲ့ ပုံရိပ်ဖော်နည်း

မင်္ဂလာပါ ကျွန်တော်မသိသေးတဲ့ဘော်ဘော်တွေရယ် ခုမှလေ့လာနေတဲ့ ဘော်ဘော်တွေအတွက် photoshop cs5 နဲ့ ပုံရိပ်ဖော်နည်း လေးကို ကြိုးစားပြီး သိထားသလောက်ရေးပေးလိုက်ပါတယ် အောက်မှာကျွန်နဲ့အတူ လိုက်ကြည့်ရအောင် စိတ်ဝင်စားတဲ့ဘော်ဘော်တွေ လိုက်လုပ်ကြည့်ပါ၊ ပုံလေးတွေကြည့်လို့နားမလည်ရင်တော့ videro အသုံဖိုင်လေးကိုပါ ၊ တင်ပေးလိုက်ပါတယ်.....
ကဲစလိုက်ကြရအောင်နော်.....
(၁)အောက်ကပုံလေးလို မျှားပြထားတဲ့အတိုင် file>open သွားပြီးလုပ်မယ် ပုံလေးဆွဲထည့်လိုက်ပါ၊ (၂)ပုံလေးဆက်ကြည့်ပါ (၁)မျှားမှာပြထားတဲ့ Quick selection tool လေးရွေးပေးလိုက်ပြီး ပုံရိပ်ဖော်မယ့်ပုံလေးပေါ်စလက်လိုက်ပေးလိုက်ပါ ၊ လိုချင်သလောက်ရပြီဆို (၂) မျှားပြထားတဲ့ Refine Edge ကိုနိုပ်ပေးလိုက်ပါ၊ ဘော်တစ်ခုတက်လာမှာပါ.....




(၂)အောက်က(၁)ပုံလေးလိုဘောက်တက်လာရင်တော့ (၁)မျှားမှာပြထားတဲ့နေရာမှာအမှတပေးပြီးချိန်ပါ ပုံအနားတွေကို ညီအောင်ချိန်ခိုင်းတာပါ ၊ပြီးရင် (၂)မျှားမှာပြထားတဲ့နေရာမှာထပ်ချိန်ပေးပါ တင့်တော်တဲ့အနေအထား ရပြီဆို (၃)မျှားနေရာမှာ New layer လို့ရွေးပေးပြီ ok ဖြေပေးလိုက်ပါ။ (၂)ပုံလေးဆက်ကြည့်လိုက်ပါ ၊ ပုံလေးနှစ်ခုဖြစ်သွားမှာပါ တစ်ခုကမူရင်းပုံ နောက်တစ်ခုအပေါ်က copy လုပ်လိုက်တဲ့ပုံ မူရင်ပုံလေးမှာ မျက်လုံးပုံလေးပြောက်နေရင် မောက်လေးနဲ့ကလစ်ပေးလိုက် ပေါ်လာမှာပါ...






(၃) အောက်က (၁)ပုံလေးလိုမျက်လုံးပုံစံနှစ်ခုဖြစ်သွားရင်တော့ မျှားပြထားတဲ့ copy ပုံလေးကိုစလက်ပေးထားလိုက်ပါ၊ ပြီးရင်(၂)ပုံမှာပြထားတဲ့တိုင်း အောက်ကဘားမှာ fx ပုံစံနေရာလေး ကလစ်ပြီး Drop shadow ဆိုတဲ့စာကြောင်းရွေးပေးလိုက်ပါ၊ ဘောက်တစ်ခုတက်လာမှာပါ......



(၄)အောက်က(၁)ပုံလေးတိုင်းဘောက်တက်လာရင် (၁)မျှားပြထားတဲ့ Drop shadow မှာအမှတ်ပေးလိုက်ပါ (၂)မျှားမှာပြထားတဲ့နေရာမှာ လိုချင်တဲ့ ပုံရိပ်ကိုချိန်ပါ လိုချင်သလိုရရင် ok ဖြေလိုက်ပါ၊ (၂) ပုံလေးတိုင်းမြင်ရမှာဖြစ်ပါတယ် ပြီးရင်မျှားပြထားတဲ့နေရာလေးကိာ မောက်ထောက်ပြီးညာခလုပ်လေးနိုပ်လိုက်ပါ...



(၅) မောက်ညာခလုပ်လေးနိုပ်လိုက်တာနဲ့ အောက်က(၁)ပုံလေးတိုင်းမြင်ရမှာဖြစ်ပါတယ် မပေါ်ရင်ပေါ်အောင်သေချာပြန်နိုပ်ပါ ၊ စာတွေပေါ်လာရင် create layer ကိုရွေးလိုက်ပါ၊ ရွေးလိုက်တာနဲ့ ဘောက်အသေးလေးတက်လာမှာပါ (၂)ပုံလေးတိုင်းပေါ့ တက်လာရင် ok ဖြေပေးလိုက်ပါ.....



(၆)အောက်က(၁)ပုံလေးဆက်ကြည့်ပါ ဘေးမှာမျှားပြထားတဲ့ဘောက်လေးထဲမှာပုံလေး (၃) ပုံတွေ့နေရမှာပါ အလည် မျှားပြထားတဲ့နေရာကို မောက်နဲ့ စလက်ပြပေးထားလိုက်ပါ၊ ပြီးရင် ကီးဘုပ်ပေါ်မှ ctrl+t လေးတွဲနိုပ်လိုက်ရင် ပုံပေါ်မှာ လေးထောင့်ကွပ်လေးပေါ်လာမှာဖြစ်ပါတယ်၊ ပေါ်လာရင် အလည်တည့်တည့်ကနေ မောက်ထောက်ပြီး ကီးဘုပ်ပေါ်မှ ctrl နိုပ်ထားပြီးမောက်နဲ့ လိုချင်တဲ့နေရာလေးဆွဲချလိုက်ပါ ၊ (၂) ပုံမှာပြထားတဲ့တိုင်းလေးပါ.....



(၇) ကိုယ်လိုချင်တဲ့ အနေအထားရပြီဆို ကီဘုပ်ပေါ်က  enter ခေါက်လိုက်ပါ ၊ ဒါဆိုကျွန်တော်တိုလုပ်နေတဲ့ ပုံရိပ်ရောင်လုပ်နည်းပြီးသွားပါပြီ ၊ ဒီတော့ ပုံလေးကိုသိမ်းဖို့ (2) ပုံလေးတိုင်း file>save as သွားလိုက်ပါ ဘောက်လေးတက်လာမှာဖြစ်ပါတယ် (၃)ပုံလေးကတိုင်းအပေါ်မှာတော့ကိုလိုချင်တဲ့ နမည်ပေးပေါ့ ပြီးရင် (၁)မျှားပြထားတဲ့နေရာလေးနိုပ်ပေးပြီး jpg,jpeg စာကြောင်းတွေပါတာ (၂)ခုရှိပါတယ် မျှားပြထားတဲ့ စာကြောင်းအတိုလေးရွေးပြီး save လုပ်နိုင်ပါပြီ....



အားလုံးပျော်ရွှင်ပါစေဆုတောင်းရင် နားမလည်သေးတဲ့ဘော်ဘော်တွေ အောက်က videro အသံဖိုင်လေးကိုဒေါင်းပြီးကြည်လိုက်ပါဗျာ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...