Breaking

Wednesday 3 September 2014

ကွန်ပြူတာသုံးသူတိုင်း သုံးသင့်သော Maxthon Cloud Browser နှင့် အသုံးပြုနည်း (အလင်းသစ်နံနက်ခင်း)



Windows အတွက် Browsers များ များစွာရှိတဲ့အထဲက ကျွန်တော်အကြိုက်ဆုံးနဲ့ အမှန်
တကယ် ကွန်ပြူတာသမားတိုင်း အသုံးပြုသင့်တဲ့ Browser တခုကတော့ Maxthon
Cloud Browser ဘဲဖြစ်ပါတယ်။



ဘာကြောင့်သုံးသင့်သလဲဆိုရင် .....


(၁)Maxthon Browser တွင် Auto Prevent System ပါရှိခြင်း။
    (အကောင့်တခု Sign in ဝင်ပြီးပြန်ထွက်တဲ့အခါ (သို့) Website တခုခုမှာ Sign in
     လုပ်ပြီးပြန်ထွက်တဲ့အခါ သဲလွန်စ မကျန်အောင် Clear လုပ်ပေးပြီး အဲဒီသဲလွန်စ
     ကိုအခြားတယောက်ယောက် ရှာဖွေ မရနိုင်အောင် Prevent လုပ်ပေးခြင်း)
(၂)တချို့သော Websites များအတွက် Proxy ကျော်စရာ မလိုဘဲ Auto Proxy ပါရှိ
    ခြင်း။
(၃)Site တခုကိုဖွင့်လိုက်တဲ့အခါ အဲဒီ Site နဲ့ တွဲထားတဲ့ Ads Sites များ၊ကြော်ငြာ
    Site များကို AdHunter ဖြင့်ရှင်းလင်းပေးနိုင်ခြင်း။
   (Viruses ပါသော ကြော်ငြာ Sites များဖြစ်ပါက Maxthon Browser က ချက်ချင်း
    ပိတ်သွားပြီး အဲဒီ ကြော်ငြာ Sites များကပါလာတဲ့ Viruses များကိုရှင်းလင်းပေးပါ
    လိမ့်မယ်။အဲလိုဖြစ်ခဲ့ရင် ခဏစောင့်ပြီးမှ ပြန်ဖွင့်ပါ။)
(၄)မည်သည့်ဆော့ဝဲမှ သုံးစရာမလိုဘဲ Webpages များကို Snap လုပ်နိုင်ခြင်း။
(၅)IDM မရှိလဲ အင်တာနက်မှ ဖိုင်များ၊ဗီဒိယိုများကို Maxthon Download manager
    ဖြင့်  Download ယူနိုင်ခြင်း။
(၆)အခြား Tools များဖြစ်တဲ့ ....
     <>Magic Fill
     <>Resource Sniffer
     <>Translate
     <>External Tools
     <>Clear History
     <>Developer Tools
     <>Night Mode
     <>Sky Note....တို့ပါဝင်ခြင်း။
အစရှိတဲ့အချက်တွေကြောင့် Maxthon Cloud Browser ကို သုံးသင့်တယ်လို့ ပြောရ
ခြင်းဖြစ်ပါတယ်။
မိမိအကောင့်တွေကိုလုံခြုံစိတ်ချစွာ အသုံးပြုချင်ရင် Maxthon ကိုသာသုံးပါလို့တိုက်တွန်း
ချင်ပါတယ်။
စိတ်ဝင်စားလို့ သုံးချင်ရင် နောက်ဆုံးထွက် Version ကိုအောက်မှာ Download ယူပါ။


Maxthon Cloud Browser 4.4.2.1500 Beta      Download



မြန်မာဖေါင့်ပြောင်းနည်းနဲ့ အသုံးပြုပုံ...
(က)Maxthon Browser မှာ မြန်မာဖေါင့် ပြောင်းနည်း
      Maxthon Browser ကိုအင်စတောလုပ်ပြီးပါက မြန်မာစာရေးလို၊ဖတ်လို့ရအောင်
      အောက်ကပုံအတိုင်း ဖေါင့်ကိုပြောင်းလိုက်ပါ။







(ခ)ကြိုက်နှစ်သက်တဲ့ Websites များကို Home Page တွင် Add လုပ်ခြင်း...





(ဂ)လက်ရှိဝင်နေတဲ့ Websites များကို Favorites တွင် Book Mark အဖြစ် Add လုပ်ခြင်း..





(ဃ)အသုံးလိုတဲ့ Tools များကို Menu Bar တွင်ထားရှိခြင်း...





(င)Website Page တခုခုကို Snap လုပ်၍ Save လုပ်ခြင်း..







(စ)Proxy နဲ့ AdHunter ကိုကြည့်ရှုခြင်း..





(ဆ)History များကို Clear လုပ်ခြင်း..





(ဇ)Night Mode ဖြင့် အသုံးပြုခြင်း






အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....။

                  အလင်းသစ်နံနက်ခင်း




No comments:

Post a Comment

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...