Breaking

Tuesday 27 June 2017

Adobe Lightroom ၏ အကောင်းဆုံးစွမ်းဆောင်ရည်များ

Adobe မှ 2006 ခုနှစ် ဇန်န၀ါရီ 9 ရက်ကတည်းက Photo Editing software အဖြစ်စတင်ဖြန့်ချိခဲ့သော Adobe Photoshop Lightroom Beta သည် Version အဆင့်ဆင့်တိုးမြှင့်ကာ Adobe Lightroom ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ပြီး  ယခုအခါ Version 5.6 အထိတိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် စာရေးသူကျင်လည်ရာ ဒီဇိုင်နာပတ်ဝန်းကျင်တွင် Lightroom ကို မလိုအပ်သော software တစ်ခုအဖြစ် သတ်မှတ်ထားသူများ၊ Lr ကို သုံးချင်ကြသော်လည်း မည်သည့်အားသာချက်၊ ကောင်းကွက်များရှိခြင်းကို သေသေချာချာမသိသေးသူများအပြင် လက်ရှိ Lr ကို အသုံးပြုနေသောသူများအတွက် တစ်စုံတစ်ခုအကျိုးပြုနိုင်ရန်ရည်ရွယ်၍ WeFocus Photography Megazine မှ တစ်ဆင့် ဖော်ပြအပ်ပါသည်။

Non-Destructive Techniques

Adobe Lightroom 5 မှာရှိတဲ့ အားလုံးသော Adjustment Tools များနဲ့ စိတ်တိုင်းကျပြင်ဆင်ပြီးသွားတဲ့ဓာတ်ပုံကိုတောင် အချိန်မရွေး ကြိုက်တဲ့နေရာကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ Lightroom တွင် Import ပြုလုပ်ထားသောဓာတ်ပုံများသည် မူရင်းဓာတ်ပုံများ၏ ပုံရိပ်ကိုအသုံးပြုနေခြင်းသာဖြစ်ပြီး ၎င်းပုံရိပ်များကိုလည်း Lr ၏ Catalog တွင်သာသိမ်းဆည်းထားတာကြောင့် မည်သည့်ပြုလုပ်ချက်များကမဆိုသင့်ရဲ့ မူရင်းဓာတ်ပုံများကို ထိခိုက်ပျက်ဆီးစေခြင်း လုံးဝမရှိပါဘူး။ အခြား Adobe software များကဲ့သို့ပင် Lightroom တွင်လည်း History State  ပါဝင်ပြီး ၎င်း History State ၏ထူးခြားချက်မှာ Catalog ထဲသို့ Import ပြုလုပ်ပြီးခါစ အချိန်အထိ ပြန်လည်ရောက်ရှိနိုင်ပါတယ်။ ထို့ကြောင့် Lightroom ၏ History State များသည် ကာလအပိုင်းအခြားမရှိတော့သလို ကွန်ပျူတာအဖွင့်အပိတ်နှင့်ပါ သက်ဆိုင်ခြင်းမရှိတော့ပေ။


Advance Healing Brush in Spot Removal Tool

စာဖတ်သူအနေဖြင့် Photo Retouching ပြုလုပ်မည်ဆိုပါက မျက်နှာပေါ်ရှိ အစက်အပျောက်များနှင့် ၀က်ခြံများကို ဖယ်ရှားရန် အတွက် Photoshop မှ Clone stamp, Healing Brush Tools များကို Alt Key နှင့် တွဲဖက်အသုံးပြုရပေလိမ့်မည်။ ထို့ပြင် Patch Tools ကိုအသုံးပြုပါက Drag and Drop အကြိမ်ကြိမ်ပြုလုပ်ရမှာဖြစ်ပေမယ့် Lightroom ရဲ့ Healing Brush အသုံးပြုမယ်ဆိုရင်တော့ မိမိ ဖယ်ရှားချင်တဲ့ အစက်အပျောက်နဲ့ ၀က်ခြံရှိတဲ့နေရာမှာ Click တစ်ချက်နှိပ်ရုံနဲ့ ၎င်းနေရာမှာရှိတဲ့ အလင်းအမှောင်၊ အသွင်အပြင်နဲ့ အကိုက်ညီဆုံး အကောင်းဆုံးဖြစ်မယ့် ဓာတ်ပုံတစ်ခုလုံးက အစိတ်အပိုင်းတွေနဲ့ အလိုအလျောက်အစားထိုးဖြည့်တင်းပေးမှာပါ။ အချက်ပေါင်းများစွာပြုပြင်ပြီးမှ စိတ်ကြိုက်မဖြစ်တဲ့နေရာကို ပြန်လည်ပြင်ဆင်ချင်ရင်လည်း Undo အဆင့်ဆင့်နဲ့ နောက်ပြန်သွားစရာမလိုဘဲ မိမိပြင်ချင်တဲ့နေရာကို Mouse နဲ့ ပြန်ထောက်ပြီး အချိန်မရွေးပြုပြင်နိုင်ပါသေးတယ်။

Copy and Paste Setting



အကယ်၍များသင်ဟာ ဓာတ်ပုံတစ်ပုံကို စိတ်တိုင်းကျပြင်ဆင်ပြီးတဲ့နောက်၊ အခြားဓာတ်ပုံတွေကိုလည်း ယခင်အသုံးပြုခဲ့ စဉ်ကအတိုင်း ထပ်မံအသုံးပြုချင်လာပြီဆိုရင်တော့ Copy and Paste Setting ကိုအသုံးပြုနိုင်ပါတယ်။ သင့်အနေနဲ့ မူလအသုံးပြုခဲ့စဉ်ကအတိုင်း တစ်သွေမတိမ်း ပြန်လည်အသုံးပြု နိုင်သလို ပထမအသုံးပြုခဲ့စဉ်က White Balance, Len Correction နဲ့ Clarity အစရှိသည်တို့ကို အသုံးပြုခဲ့ပေမယ့် အခြားသောဓာတ်ပုံများတွင် Clarity ကို အသုံးမပြုလိုပါက Copy Setting မှာ Clarity ကို ဖြုတ်ခဲ့လိုက်ရုံပါပဲ။ Copy and Paste ရဲ့ လုပ်ဆောင် ချက်များဟာ Photoshop မှာရှိတဲ့ action ရဲ့လုပ်ဆောင်ချက်နဲ့တော့ အလားသဏ္ဍာန် ဆင်တူပေမယ့် Photoshop ရဲ့ Action မှာတော့ ပထမအကြိမ်အသုံးပြုစဉ်က Record မလုပ်ထားခဲ့ပါက နောက်တစ်ကြိမ်ပြန်လည်အသုံး မပြုနိုင်တော့ပါဘူး။


Multiple Viewing Images


Lightroom ရဲ့ လုပ်ဆောင်ချက် အကောင်းဆုံးတွေထဲက တစ်ခုပါ။ Grid, Loupe, Compare and Survey View ဆိုပြီး ယျေဘူယျ အမျိုး အစား (၄)မျိုးခွဲခြားထားပြီး အသုံးပြုသူအတွက် ရိုးရှင်း လွယ်ကူစွာနဲ့ အံ့သြလောက်ဖွယ် စွမ်းဆောင်နိုင်တာကိုတွေ့ရမှာပါ။ Photoshop မှာ တောင် မူရင်းဓာတ်ပုံရဲ့ Layer ကို Copy မလုပ်ထားခဲ့ရင် Before & After နှိုင်းယှဉ်ကြည့်နိုင်ဖို့မလွယ်သလို Photoshop ရဲ့ Window> Arrange>Tile All Vertically... ကနေ ဓာတ်ပုံနှစ်ခုကို နှိုင်းယှဉ်ကြည့် တဲ့အခါ တစ်ပုံကို အရွယ်အစားချဲ့ကြည့်မယ်၊ ဒါမှမဟုတ် နေရာရွှေ့ကြည့် ရင်တောင် အခြားဓာတ်ပုံကတော့ အလိုက်သင့်ရွေ့လျားပေးမှာ မဟုတ်ပါဘူး Lr မှာတော့ ဓာတ်ပုံတစ်ပုံကို Zoom ချဲ့ကြည့်မယ်ဆိုရင် တစ်ခြားတစ်ပုံကပါ တူညီတဲ့ပမာဏအတိုင်း ဖော်ပြပေးသလို တစ်ပုံကိုနေရာရွှေ့ကြည့်ရင် လည်း အခြားတစ်ပုံကပါ အလိုအလျောက်ရွေ့လျားဖော်ပြပေးနေမှာပါ။  Shotting Angle တစ်ခုထဲကနေရိုက်လာတဲ့ပုံတွေ ထဲက အကောင်း ဆုံးတစ်ပုံကိုရွေးချယ်ဖို့ Library Module အောက်မှာရှိတဲ့ Compare View (Shortcut C) နဲ့ Survey View (Shortcut N) တို့ကို အသုံးပြုနိုင်သလို ပြုပြင်ပြီးသားဓာတ်ပုံကို Before & After နှိုင်းယှဉ်ကြည့်ရန်အတွက် Develp Module အောက်ရှိ Cycles between before and after views (Shortcut Y)ကိုလည်း မြင်ကွင်းပုံစံ ၄ မျိုးအဖြစ် တစ်လှည့်စီပြောင်းလဲအသုံးပြုနိုင်ပါသေးတယ်။

Edit in Photoshop, Presets & Plug-in


Develp Module ရှိ Presets တွင်တွေ့ရမည့် Vignette, Sepia Tone ကဲ့သို့သော Auto Adjustment Effects များစွာဟာ Lightroom 5 နှင့်အတူ ပါဝင်ခဲ့သောကြောင့် သင့်ဓာတ်ပုံပြုပြင်ခြင်း များကို များစွာအထောက်အကူပြုနိုင်သလို ၎င်း Presets တွင်ပင် Pre- muim Presets များကို ၀ယ်ယူထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။ Google Nik, Bokeh, onOne ကဲ့သို့သော Photo Editing Software များကိုလည်း Lr တွင်ပင် တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ (ဖော်ပြပါ Software များကို ထည့်သွင်းပြီးဖြစ်သော်လည်း Lr တွင် မတွေ့ရှိသေးပါက Host Application တွင် Lr ကိုရွေးချယ်ပြီး ထပ်မံထည့်သွင်းပေးရန်လိုအပ်သည်။) သို့သော် Topaz, Akvis နှင့် JixiPix ကဲ့သို့သော Software အများစုနှင့် Plug-in များသည် Photoshop တွင်သာ လုပ်ဆောင်နိုင်ကြပြီး Lr တွင် ထည့်သွင်း အသုံးပြု၍မရသေးပေ။ ထို့ကြောင့် Ctrl+E ဖြင့် Photoshop သို့ လွှဲပြောင်းပို့ဆောင်၍ မိမိစိတ်ကြိုက်အသုံးပြုကာ ဖိုင်ကိုသိမ်းဆည်းပြီးချိန်တွင် Lightroom တွင် အကျိုးသက်ရောက်မည်ဖြစ်သည်။ 


Identifying Images With Flags, Tags, Ratings and Metadata


သင့်ကွန်ပျူတာထဲက ဘယ် Partitionမှန်းမသိ၊ ဘယ် Folder မှန်းမသဲကွဲတော့ဘဲ သင်ကိုယ်တိုင်သိမ်းဆည်းထားတဲ့ ထောင်ပေါင်းများစွာသောဓာတ်ပုံများထဲမှ အလိုရှိသော ဓာတ်ပုံကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ရန်နှင့် အသုံးပြုရ ပို မိုလွယ်ကူစေရန် အတွက် Lightroom Tool များက အကောင်းဆုံးထောက်ပံ့ပေးမှာပါ။ များပြားသော ဓာတ်ပုံများထဲတွင် မိမိစိတ်ကြိုက်ရွေးချယ်မှု၊ ပယ်ဖျက်မှုအမှတ်အသား ပြုလုပ်ရန်အတွက် Flag and Unflug၊ အဆင့်သတ်မှတ်ချက်ပေးထားနိုင်သော Star Rating၊ မိမိအလိုရှိရာ အဓိပ္ပါယ်ဖြင့် မှတ်သားထား နိုင်သော Color Label၊ ဓာတ်ပုံများတွင် စာတိုမှတ်စုထည့်သွင်းထားနိုင်သော Keywords၊ မိမိသတ်မှတ်ထားသော အချက်အလက်မျိုးစုံကို အခြားဓာတ်ပုံများသို့ ကူးယူပေးနိုင်သော Painter စတဲ့ Tools များက သင့်ရဲ့ များပြားရှုပ်ထွေးနေတဲ့ ဓာတ်ပုံများကိုပြန်လည်ရှာဖွေရန် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရဲ့ meta-data ကို အသုံးပြုပြီးတော့လည်း ရှာဖွေမှုများပြုလုပ်နိုင်ပါတယ်။

Geo Position System and meta-data 
Lightroom ရှိ Module ၇ ခုအနက်မှ Map Module ကို အင်တာနက်အသုံးပြုကာ Google Map ဖြင့် တွဲဖက်အသုံးပြု နိုင်သည်။ အဆိုပါ google map တွင် ဓာတ်ပုံကို Drag and Drop ပြုလုပ်ခြင်းဖြင့် ဓာတ်ပုံရိုက်ကူးခဲ့စဉ်က တည်နေရာ (GPS)ကို သတ်မှတ်နိုင်ပြီး ၎င်းတည်နေရာ အချက်အလက်များကို  မူလဓာတ်ပုံ ရှိ meta-data တွင် ပေါင်းထည့်ပေးနိုင်သည်။




Customize the Identity Plate

Identity Plate ဆိုတာကတော့ Photo Slideshow နဲ့ ဓာတ်ပုံကို Print ထုတ်တဲ့အခါ အလိုရှိရာနေရာနဲ့ အရွယ်အစားအတိုင်း တစ်ပြေးညီပေါ်စေမှာဖြစ်ပါတယ်။ ၎င်းကို Sildeshow နဲ့ Print Module  များတွင် အသုံးပြု နိုင်မှာဖြစ်ပြီး Lightroom ရဲ့ အပေါ် ဘယ်ဘက်ထောင့်နားမှာရှိကာ Default Setting အားဖြင့် Adobe Lightroom 5 ဟုသာ မြင်တွေ့ရမှာဖြစ်ပြီးတော့ ပုံပါအတိုင်း မိမိစိတ်တိုင်းကျ font အပြင် အရောင်နှင့် အရွယ်အစားများပါ ပြောင်းလဲသတ်မှတ်ပေးနိုင်ပါတယ်။ Identity Plate ကိုတော့ Edit>Identity Plate Setup မှာ ၀င်ရောက်ပြုပြင်နိုင်ပြီး စာသားများအပြင် နှစ်သက်ရာ ပုံရိပ်ဖြင့်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။


Adobe Lightroom ရဲ့ Default Setting အရ ကင်မရာ ဒါမှမဟုတ် USB ကနေ တစ်ခုခုချိတ်ဆက်လိုက်တာနဲ့ Lightroom ပွင့်လာမှာ ဖြစ်ပါတယ်။ Lr ကို မကြာခဏအသုံးပြုသူများအတွက် အဆင်ပြေနိုင်သော်လည်း တစ်ခါတစ်ရံမှ အသုံးပြုသောသူများအတွက် အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ထိုကဲ့သို့မဖြစ်စေရန်အတွက် Edit>Preferences>General> ရှိ Import Options မှာ Show Import dialog when a memory card is detected ဆိုတဲ့ checkbox ကိုသာ ပိတ်ထားလိုက်ပါ။  Camera နှင့်ချိတ်ဆက်ပြီးနောက် Shutter ကို Lightroom မှ တိုက်ရိုက်အသုံးပြုနိုင်သော Tethered Capture ကဲ့သို့ပင် စာဖြင့်ပြည့်စုံစွာ ရေးသားဖော်ပြရန်မလွယ်ကူသော Catalog Setting၊ Backup Catalog နှင့် Quick Collection၊ Smart Collection များအပြင် အလွန်ကောင်းမွန်သော အခြားလုပ်ဆောင်ချက်များလည်း Adobe Lightroom တွင် ကျန်ရှိပါသေးကြောင်း ပြောကြားအပ်ပါသည်။


ယခုရေးထားပါ သုံးသပ်ချက်များသည် လွန်ခဲ့သော တစ်နှစ်ခန့် (2014 နိုဝင်ဘာ)က ရေးသားထားခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုမှလိုင်းပေါ်တင်ပေးနိုင်ခြင်းသာ ဖြစ်သည်။ ထို့အပြင် Lr ကို တစ်ပတ်ခန့်သာ အသုံးပြုပြီး ရေးသားထားခြင်းဖြစ်သောကြောင့် လိုအပ်ချက်များစွာကို စာဖတ်သူများမှ သည်းခံပေးကြပါရန် ......


မူရင်းစာရေးသူ>>>>ဆရာAung Pyae Phyo Myint

No comments:

Post a Comment

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...