ဥယျာဉ်
=====
နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။
ဒါပေမယ့်
မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက
နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့
သူတို့အစား…
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း။
သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့၊
ကောင်မလေးရေ…
တကယ်ဆို ကိုယ်ဟာဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်။
တာရာမင်းဝေ
အတိတ်
=====
ဝတ်မှုန်ဆိုတာ
ပန်းရုံအိအိထဲက အက်တမ်တစ်ပွင့်ပါ။
ကြာတော့ကြာခဲ့ပါပြီ။
သူအနုမြူဗုံးလို ကွဲလွင့်တဲ့နေ့က
ကျွန်တော်…
မိုးစက်တွေထဲ သက်ငြိမ်တိတ်ဆိတ်ခဲ့ဖူးပါရဲ့။
တာရာမင်းဝေ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
No comments:
Post a Comment