Breaking

Saturday, 21 February 2015

3D Pop Out Photo လုပ်နည်း

မင်္ဂလာပါ မျှော်နေတဲ့ဘော်ဘော်တွေနဲ့ သူငယ်ချင်းတွေ ကျေးဇူးတင်ပါတယ် ကျွန်တော်ဒီပိုစ်လေးတင်မလို့ WINDOW ပြက်သနာ လေးတက်နေတာနဲ့ ကြာသွားခဲ့တာပါ၊ ခုအဆင်ပြေတာနဲ့ ပထမဦးစွာရေးတင်ပေးလိုက်ပါတက်၊ လိုအပ်မယ် ကြိုတ်နှစ်သက်ရင်တော့ အောက်မှာ ပုံလေးတွေနဲ့တကွ VIDERO လေးတွေလိုက်ကြည့်လိုက်ပါ......


(၁) အရင်အောက်က (၁) ပုံလေးမှာပြထားသလိုဝင်ပြီး လုပ်မယ့်အပုံလေးဆွဲထည့်ပါ၊ ပြီးရင်(၂)ပုံမှာမြင်ရတဲ့တိုင်း မျှားပြထားတဲ့ ဘားမှ ဝိုင်းထားတဲ့ မျှားသေးလေးကလစ်ပါ...




(၂) အပေါ်ကအဝိုင်းနေရာလေးကလစ်လိုက်ရင်ပဲ အောက်က(၁)ပုံလေးတိုင်မြင်ရရင် မျှားပြထားတဲ့နေရာလေးကလစ်ပေးလိုက်ပါ၊ ပြီးရင် ကီးဘုပ်ပေါ်မှ ctrl+j လေးကလစ်ပေးလိုက်ရင် (၂) ပုံလေးတိုင်မြင်ရမှာပါ....





(၃) အောက်မှာပြထားတဲ့ပုံလေးကြည့်ပါ အပေါ်မှာ ctrl+j လိုက်လို့ ရလိုက်တဲ့ layer copy ပုံလေးကို ကလစ်ပြီးမျက်လုံးလေးပိတ်လိုက်ပါ၊ ပြီးရင်(၂)ပုံလေးကတိုင်း မူရင်း layer ပုံလေးကလစ်ပေးလိုက်ပြီး (၂) မျှားနေရာကို ပုံမှာပြထားတဲ့တိုင်းသွားပါ.....



(၄) အပေါ်က(၂)ပုံတိုင်းလုပ်လိုက်ရင်ပဲ အောက်က(၁) ပုံလေးတိုင်းမြင်ရမှာပါ (၁)မျှားပြထားတဲ့နေရာရွေးပေးပြီး အောက်က ၆ ခုထဲမှ မိမိကြိုတ်တာရွေးပါ ကျွန်တော်ကတော့ (၂)မျှားနေရာရွေးပေးထားပါတယ် ပြီးရင် (၃)မျှားနေရာမှာမိမိ လိုသလို ချိန်နိုင်ပါသေးတယ်.၊ ပြီးရင် Ok နိုပ်ပါ၊
ပြီးရင် (၂) ပုံမှာပြထားသလို အရောင်ချိန်ဖို့ မျှားပြထားတဲ့နေရာနိုပ်ပါ....



(၅) အပေါ်က(၂)ပုံလေးလိုနိုပ်လိုက်ရင် အောက်က(၁) ပုံမှာပြထားတဲ့ မျှားနေရာလေး နိုပ်ပေးလိုက်ပါ၊ ပြီးရင် (၂) ပုံလေးမှာ မျှားပြထားတဲ့နေရာမှာ မိမိ ကြိုတ်တဲ့ အရောင်ချိန်နိုင်ပါတယ် ပြီးရင် အောက်လားမှ LAYERS ကိုပြန်နိုပ်ပေးလိုက်ပါ......



(၆)ပြီးရင်အောက်မှာ(၁)ပုံမှာပြထားတဲ့ (၁)မျှားနေရာမှာ စလက်ပေးထားပြီး (၂)မှားနေရာကိုနိုပ်ပေးလိုက်ပါ ၊ နိုပ်လိုက်ရင်ပဲ Layer တစ်ခုပိုလာမှာပါ (၂)ပုံမှာပြထားတဲ့ပိုလာတဲ့ layer လေး စလက်ပေးပြီး (၂)မျှားပြထားတဲ့ tool ကိုရွေးပေးလိုက်ပါ၊ ပြီးရင် ပုံပေါ်မောက်ထောက်ပြီး လိုချင်တဲ့ဘောင်အနေအထားအပေါ်ကနေ အောက်ကိုမောက်နဲ့ဆွဲလိုက်ပါ (၃) မျှားပြထားသလိုမြင်ရမှာပါ.



(၇) ပြီးရင်အောက်က(၁)ပုံမှာပြထားတဲ့ (၁)မျှားပြထားတဲ့ (၂)မျှားနေရာ ကိုနိုပ်ပေးလိုက်ပါ ဘောက်တစ်ခုတက်လာမှာပါ (၂) ပုံကတိုင်းဘောက်တက်လာရင် (၁)မျှားနေရာမှာ ဘော်အထူအပါးချိန်ပါ ကျွန်တော်ကတော့ 30% ပေးထားပါတယ် (၂)မျှားနေရာမှာ အရောင်နေရာကလစ်ပြီး မိမိကြိုတ်တဲ့အ
ရောင်ရွေးနိုင်ပါတယ်၊ (၃)မျှားပြထားတဲ့နေရာမှာ အမှတ်ပေးပါ..အားလုံးပြီးရင် ok နိုပ်ပါ...



(၈)အောက်က(၁)ပုံလေးတိုင်းမြင်ရရင် ကီးဘုပ်မှ ctrl+d ကိုနိုက်ပေးလိုက်ပါ ၊ ပြီးရင် ctrl+t ဆက်နိုပ်ပါ (၂)ပုံလေးတိုင်မြင်ရရင် ထောင့်တစ်နေရာမှ ကီးဘုပ်ပေါ်မှ shift+alt ကိုတွဲနိုပ်ပြီးမောက်နဲ့လိုသလောက်ဘောင်အကျယ်ဆွဲပေးပြီး enter နိုပ်ပေးလိုက်ပါ...



(၉)ကဲအောက်က(၁)ပုံလေးတိုင်းဖြစ်ဖို့ ဘေးမှာအပြစလက်အပြာပြထားတဲ့နေရာကို ကီဘုပ်ပေါ်မှ ctrl နိုပ်ထားပြီး မောက်နဲ့ နိုပ်လိုက်ပါ (၁) ပုံမှာပြထားသလိုရပြီဆိုရင် ကီးဘုပ်ပေါ်မှ Q လေးနိုပ်လိုက်ပါ၊ (၂) ပုံလေးတိုင်းမြင်ရမှာပါ....



(၁၀) အပေါ်မှာပြထားခဲ့တဲ့အဆင်ပြီးရင် အောက်က(၁)ပုံမှာပြထားတဲ့ (၁)မျှားနေရာမှ ဆေးဗုံးပုံစံလေးနဲ့ tool လေးရွေးပေးလိုက်ပါ ၊ ပြီးရင်(၂)မျှားပြထားတဲ့နေရာမှာ အဖြူ  နဲ့ အမဲ နှစ်ခုထပ်နေတဲ့ tool လေးမှာ အပေါ်ကအရောင်ကို ကလစ်ပြီး အဖြူရွေးပေးထားပါ၊ ပြီးရင် အပုံပေါ်မှာ ဘောင် အပြင်မှာ မောက်နဲ့ ကလစ်ပေးလိုက်ပါ၊ ပုံမှာပြထားတိုင်း မြင်ရမှာပါ မြင်ရရင် ကီးဘုပ်ပေါ်မှ Q လေးတစ်ချတ် နိုပ်လိုက်ပါ၊ (၂) ပုံလေးတိုင်းမြင်ရမှာပါ.ပြီးရင် ကဘုပ်ပေါ်မှ ctrl+shift+i ကိုတစ်ချတ်နိုပ်ပေးလိုက်ပါ (၃) ပုံလေးတိုင်းမြင်ရမှာပါ...





(၁၁)အပေါ်ကအဆင့်တွေပြီးရင်တော့ အောက်က(၁)ပုံမှာ (၁)မျှားပြထားတဲ့ မျက်လုံးလေးပိတ်နေတဲ့ပုံလေးစလက်ပေးပြီး (၂)မျှားလေးလေးနိုပ်လိုက်ပါ (၂)ပုံးလေးတိုင်းမြင်ရရင် မျက်လေးလုံလေးဖွင့်ဖို့အကွပ်လေးမှာကလစ်ပေးလိုက်ရင်(၂)ပုံတိုင်းမြင်ရမှာပါ...



(၁၂)အပေါ်အဆင့်ပြီးရင် အောက်က(၁)ပုံလေးတိုင်း (၁)မျှားမှာပြထားတဲ့နေရာကို ကီးဘုပ်ပေါ်မှ ctrl လေးနိုပ်ထားပြီး ကလစ်လိုက်ပါ ပုံမှာပြထားတဲ့တိုင်းမြင်ရမှာဖြစ်ပါတယ်၊ ပြီးရင် ကီးဘုပ်ပေါ်မှ Q လေးပြန် နိုပ်ပါ(၂) ပုံလေးတိုင်မြင်ရမှာပါ..ပြီးရင် အဆင့်(၁၀)မှာပြထားခဲ့သလို ဘယ်ဘက်ကဘားမှ ဆေးဗုံး TOOL လေးရွေးပြီး ဘောင်အတွင်းပိုင်းမှာ မောက်နဲ့ ကလစ်ပါ ခုဏက အဆင့်(၁၀)မှာ အပြင်မှာ ကလစ်တာနော် အတူပါဘူး ပြီးရင် Q လေးပြန်နိုပ်ပါ....



(၁၃) အပေါ်တိုင်းပြီးရင် အောက်က(၁)ပုံလေးတိုင်းမြင်ရမှာပါ (၂) မှာ မျှားပြထားတဲ့နေရာလေးနိုပ်ပြီး ကီးဘုပ်ပေါ်က Alt+Del ကိုတွဲနိုပ်ပေးလိုက်ပါ ပုံစံလေးပြောင်းသွားတာတွေ့ရမှာပါ....




(၁၄)အပေါ်နဆင့်တွေပြီးရင် အောက်က(၁) ပုံမှာမျှားပြထားသလို စလက်ပေးရမှာဖြစ်ပါတယ် ပေးလို့ရဖို့ ကီးဘုပ်ပေါ်မှ ctrl ကီးလေးနိုပ်ပေးထားပြီး layer တစ်ခုစီကို ကလစ်ပြီးပေးလိုက်ပါ ပေးပြီးရင် ကီးဘုပ်ပေါ်က ctrl+ - လေးတွဲနိုပ်ပေးလိုက်ပါ၊ ပြီးရင် ctrl+t လေးထပ်နိုပ်ပါ (၂) ပုံလေးတိုင်းမြင်ရရင်ထောင့်တစ်နေရာကနေ ကီးဘုပ်ပေါ်က shift+alt နိုပ်ထားပြီးလိုချင်သလောက်ဆွဲလိုက်ပါ ပုံကိုလဲ လိုချင်သလောက် ဘောင်ဘေးမှာမောက်ထားပြီးလည့်နိုင်ပါတယ် ပြီးရင် enter နိုပ်ပါ၊ ဒါဆိုသင်ခန်းစာပြီးပါပြီ ပုံသိမ်းဖို့ (၃) ပုံလေးတိုင်းသွားပြီး  jpeg နဲ့ သိမ်းပါ.နားမလည်သေးတဲ့ဘော်ဘော်တွေ က video လေးဆက်ကြည့်ပေးပါနော်......






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

1 comment:

  1. အကို ကျတော် ဖိတ်စာ ဒီဇိုင်းဆွဲနည်းလေး ရချင်ပါတယ် ကျတော် ခုမှ စလေ့လာသူပါ အကို့ကို
    အားကိုပါတယ်

    ReplyDelete

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...