Breaking

Friday 31 October 2014

(Laptop) (ခေါ်) ခရီးဆောင်ကွန်ပြူတာသုံးသူများ သတိထား


 General Knowledge For All (ခေါ်)အင်တာနက်သတင်းလွှာမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက် သောကြာနေ့ က ဖော်ပြသွားတဲ့ ကျမ္မာရေးပညာပေး သတင်းဆော င်းပါး တစ် ပုဒ်ကို ပြန်လည်မျှလိုက်ပါရစေ။



the University of Wisconsin-Madison မှ မကြာသေးခင်က MBA ဘွဲ့ ရထားသူ ၂၅ နှစ် အရွယ် လူရွယ်တစ်ယောက်ဟာ ၂၀၁၃ခု၊ ဇွန် လ ၄ရက်နေ့ တွင် သူ့ အိပ်ခန်းထဲမှာမီးလောင် ဒဏ်ရာများဖြင့် ကွယ်လွန်နေခဲ့ပါတယ်။ သူ့ အခန်းမှ မီးခိုများ ထွက် နေတာကို အိမ်နီး ချင်း ကမြင်တွေ့ ပြီး ၉၁၁ ကို ဖုန်းဆက်ခေါ်တဲ့အခါ အသက်မမှီတော့ပါဘူး။ ဘာ့ကြောင့်မီးစလောင် တဲ့ ဇာစ်မြစ် ကို အဖြေရှာမတွေ့ ကြပါဘူးတဲ့။ ရက်အနည်းငယ်ကြာ သဲလွန်စများကို အသေးစိပ် စုံစမ်းပြီးနောက်မှာတော့ သူသုံးနေတဲ့ လပ်ပ် တော့ပ်(ခေါ်)ခရီးဆောင်ကွန်ပြူတာက မီးစေ လာင်ခဲ့တယ်လို့  အဖြေထွက်ရှိပါတယ်။ သူက လပ်ပ်တော့ပ်ကိုဖွင့်ပြီး အိမ်ယာပေါ်တညလုံး တင်ထားတာကြောင့် ပန်ကာလေပေါက်ပိတ်၍စက်ပူလာပြီး မီးစလောင်ကျွမ်းပါတော့တယ်။ အိပ်ယာခင်း၊ ခေါင်းအုံးတို့  က ထိုမီးတောက်အတွက် လောင်စာများဖြစ်စေကာ အိပ်ပျော်နေတဲ့ သူ့ ကို မီးစွဲလောင်သွားပါတော့တယ်။ ကာဗွန်ဒိုင်အောက် ဆိုဒ် မီးခိုးငွေကြောင့်အသက် ရှုမွန်းကြပ်ပြီး သေဆုံးတယ်လို့ ၉၁၁ က အတည်ပြုခဲ့ပါတယ်။

ယနေ့ အင်တာနက်နည်းပညာများ တိုးတက်ခေတ်မီလာသည့်အလျှောက်၊ လူကြီးလူငယ်အားလုံး
အင်တာနက်စွဲလန်းလာကြရာ ညသန်းခေါင်ကျော်အထိ သယ်ဆောင်ရလွယ်သောအပေါ့စား
လပ်ပ်တော့ပ်ကို အိပ်ယာထဲထဲ့သုံးလေ့ရှိသူများအတွက် ဖော်ပြပါ သေဆုံးမှုက သင်ခန်းစာေ လးပါ။ လူကြီးမိဘများကလည်း ဘေးအန္တရာယ်မမှန်းဆတတ်သေးတဲ့ မိမိတို့ သားသမီးများ ကို လွန် ကဲစွာမသုံးသင့်ကြောင်း နှိုးဆော်တိုက်တွန်းပေးကြစေလိုပါတယ်။

<< သူနာပြုအရေးပေါ်ကားမလာမှီ မီးလောင်ခံရသူကို ရှေးဦးပြုစုနည်း >>

(၁) မီးလောင်ထားသောအ၀တ်ကို အတင်းဆွဲမချွတ်ပါနဲ့ (ကိုယ်အရေပြားနဲ့ အသားစများ
အ၀တ်အထည်မှာ ကပ်ငြိပါသွားစေ တတ်လို့ ပါ)

(၂) လူနာရဲ့ ကိုယ်ပေါ်ဝတ်ဆင်ထားတဲ့ အ၀တ်အစားများမှာ မီးစမီးတောက်မမြင်သော်ငြား၊
အတွင်းလှိုက်၍တဖြည်းဖြည်း လောင် ကျွမ်းနေခြင်း ရှိ/မရှိ သေချာစစ်ဆေးပေးပါ။

(၃) ပြင်းပြင်းထန်ထန် လောင်ကျွမ်းတဲ့ဒဏ်ရာကို ရေစိမ်/ရေလောင်းခြင်းမြ ပုပါနှင့်။ ရုတ်တရက် ရေအေးလောင်းလိုက်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ကျဆင်းသွားသည့် ကိုယ်အပူချိန်နှင့် သွေးဖိအားတို့  ရုတ်တရက်တွန်းကန်မှုကြောင့် လူနာကိုသတိလစ် မေ့ြေ မာစေတတ်ပါတယ်

(၄) အသက်ရှုခြင်း/ချောင်းဆိုးခြင်း/ခန္ဒာကိုယ်အစိပ်အပိုင်းတစ်ခုခုလှုပ်ရှားခြင်း ရှိ/မရှိစစ်ေ ဆးပါ။ အကယ်၍ လုံးဝလှုပ်ရှားမှုမရှိ ငြိမ်သက်နေပါက Cardio Pulmonary Resuscitation(CPR) (ခေါ်) နှလုံး/အဆုပ်တို့ ကို ပြန်လည်အလုပ်လုပ်စေတဲ့ ရှေးဦး သူနာပြုနည်းဖြင့် ပြုစုပေးထားပါ။

(၅) သွေးလည်ပတ်မှုကောင်းစေရန်အတွက် ဖြစ်နိုင်ရင် မီးလောင်ခံရသောဒဏ်ရာကို
နှလုံးထက်မြင့်သောကိုယ်ဟန် အနေ အထားဖြင့် အပေါ်သို့ မတင်ပေးထားပါ။

(၆) မီးလောင်ကျွမ်းခံရသော ဒဏ်ရာပေါ်မှာ သန့် စင်သော အ၀တ်စကို ရေဆွတ်ပြီး အသာအယာ
တင်ထားပေးပါ။

(ရ) ဆေးရုံရောက်တဲ့အခါ ဒဏ်ရာများအတွက် မေးခိုင်ရောဂါကာကွယ်ဆေးထိုးခိုင်းဘို့ 
မမေ့ပါနဲ့ ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

သင်င်္ကြန်သင်တန်းရက်တို


အားလုံးမင်္ဂလာပါ ကျွန်တော်နှစ်တိုင်းလုပ်နေတဲ့ သင်္ကြန်ရက်တို သင်တန်း
လေးဖွင့်မည်ဆိုတဲ့အကြောင်းကြေငြာစာလေးတင်လိုက်ပါတယ်၊ ထိုင်းနိုင်ငံ
ကသူငယ်ချင်းများအတွက်ဖြစ်ပြီး၊ သင်္ကြန်မှာ ၄ ရက် (သို့) ၅ ရက်ပိတ်ကြမှာပါ၊ ထိရောက်တဲ့ ပညာတစ်ခုတက်ဖို့ဆိုတဲ့ရည်ရွယ်ချတ်နဲ့
ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်၊ သင်္ကြန်ရက် ပိတ်တဲ့ အချိန်မှာ မိမိတို့အတွက်
အကြိုးဖြစ်စေနိုင်တဲ့၊ ပညာလေးတွေကိုသင်ယူချင်တဲ့ သူငယ်ချင်းအားလုံးအတွက်၊ အကောင်းဆုံး အနီးကပ် သင်ပေးသွားမှာဖြစ်ပါတယ်၊ ၄ ရက် ၅ရက် ပိတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော် အခန်းမှာနေ ကျွန်တော် အခန်းမှာစား အိပ်တာကအစ အကုန်
လုပ်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ သူများကိုသာဖိတ်ခေါ်သင်ကြားပေးမှာပါ၊ သင်ပေးမယ့် သင်ခန်းစာတွေက
တော့ ၄ ရက် ၅ ရက် အတွင်း အကုန် မပြတ်နိုင်ပါ၊ ဒါကြောင့် ပြတ်နိုင်တဲ့သင်ခန်းစာတွေ အရင်သင်ပေးပြီး၊ ကျန်တာတွေကို အခြေခံရအောင်သင်ပေးသွားမှာဖြစ်ပါတယ်၊
သင်ပေးမယ့်သင်ခန်းစာတွေကတော့
=====================
computer ပိုင်း
photoshop ပိုင်း
ရေစိုခံဘောင်ဓါတ်ပုံလုပ်နည်း
video တည်းဖြတ်ပိုင်း
software ပိုင်း နှင့် အချိန်ရရင် ရသလို လိုအပ်တဲ့နည်းလမ်းများကိုလဲလမ်းပြ
ပေးသွားမှာဖြစ်ပါတယ်......
==============================
သင်တန်းပြီးပါက ကျွန်တော်အခွေများ free ပေးသွားတဲ့အပြင် အွန်လိုင်းမှ
နည်းပညာစာအုပ်များ video အသံဖိုင်များ

computer အခြေခံ အခွေ
videoတည်ဖြတ် အခွေ
ရေစိုခံဘောင်လုပ်နည်းအခွေ
Adobe pagemaker အခွေ
photoshop အခွေ များအပြင် အထွေထွေနည်းပညာ အခွေများစွာ
free ပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးအနေနဲ့တော့ တစ်ဦးလျှင် ထိုင်းဘက် 6000 ဘတ် နှုန်းနဲ့ သင်ပေး
သွားမှာဖြစ်ပါတယ်.. စိတ်ဝင်စားတဲ့ သူများ အမည်စရင်းကြိုပေးထားနိုင်ပါ
သည်၊ တိကျမှုရှိမှ ဆက်သွယ်ခဲ့ပါလို့ ပြောချင်ပါတယ်......

သင်တန်းသား ၆ ဦးသာလက်ခံသင်ကြားပြီး၊ ကွန်ပျူတာမရှိသူ ၂ ဦးအတွက် ကွန်ပျူတာနှစ်လုံးစီစဉ်ပေးသွားမှာဖြစ်ပါတယ်
===================================
ဆက်သွယ်ရန်
=======================
ဖုန်း -- 0880762514 ထိုင်း

နေရာ-- အနုစဝါလီ။ပချာစွန်ခေါ့ ၂၀ လမ်း ၅အထပ်တိုက် ကြိုလာမည့်သူများ နေရာလမ်းညွန်ပေးမည်၊ နီးလျှင်လာကြိုမည်...