ထို့ကြောင့် ယခုအခါ ပိဋကတ်သုံးပုံ ပါဠိတော် ( ၅၃ ) ကျမ်းဟု သတ်မှတ်ကြပါသည်။
ဤနိကာယ်အားဖြင့် ကျမ်းရေတွက်နည်းတွင် ပိဋကတ်အားဖြင့် ခွဲခြားလိုလျှင်
ဒီဃနိကာယ် ၃-ကျမ်း
မဇ္ဈိမနိကာယ် ၃-ကျမ်း
သံယုတ္တနိကာယ် ၃-ကျမ်း
အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း
ဟူသော ရှေးနိကာယ်လေးရပ်နှင့် ခုဒ္ဒကနိကာယ် တစိတ် ( ၁၅ ) ကျမ်းသည် သုတ္တန် ပိဋကတ်မည်၏။
ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်းသည် ၀ိနည်းပိဋကတ်မည်၏။
ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်းသည် အဘိဓမ္မာပိဋကတ်မည်၏။ ဤသို့ခွဲခြားနိုင်သည်။
ဤသို့လျှင် နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးသွယ်တို့သည် 
အားလုံးစုပေါင်းလိုက်သော် တရားကိုယ်အားဖြင့် အထူးမရှိ။ ( ၄၉ ) ကျမ်း 
သို့မဟုတ်-( ၅၃ ) ကျမ်း အတူတူပင် ဖြစ်ကြောင်း အလွယ်ဖြင့် သိရှိနိုင်ပေသည်။
ဤ ( ၄၉ )ကျမ်း တရားစုကိုပင် ပိဋကတ်တည်းဟူသော ခြင်းတောင်းထဲထည့်လျှင် 
သုံးတောင်းရသည်။ နိကာယ်တည်းဟူသော ဇလားထဲထည့်လျှင် ငါးဇလားရသည် ဟူသော 
သဘောကဲ့သို့ မှတ်ရာသည်။
ဤ ( ၄၉ )ကျမ်း သို့မဟုတ် (၅၃)ကျမ်းသော ပိဋကတ်စာပေနှင့် ပတ်သက်၍ 
အောက်ဖော်ပြပါ           ကျမ်းအမျိုးအစား ငါးမျိုးကိုလည်း 
သိရှိထားသင့်ပေသည်။ ၄င်းတို့မှာ-
၁။ ပါဠိတော်
၂။ အဋ္ဌကထာ
၃။ ဋီကာ
၎။ ယောဇနာ
၅။ ဂဏ္ဌိ ကျမ်းတို့ ဖြစ်ကြသည်။
ထိုငါးမျိုးတွင် ပါဠိတော်-ဆိုသည်မှာ ဘုရားဟောနှင့် ဘုရားရှင် အသိအမှတ်ပြုသော သာဝကဟော မူရင်းကျမ်းများကို ဆိုလိုသည်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..မောင်စေတနာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 
 

 
   
  
 
 
 
 
 
 
 
 
 
 American Dollar Converter
  American Dollar Converter
No comments:
Post a Comment